GPL လိုင်စင်ဆိုတာ ဘာလဲ?

GPL ဆိုတာ General Public License ကို အတိုကောက်နဲ့ ခေါ်တာဖြစ်ပြီး ငွေကြေးတက်နိုင်သူတွေကသာ ရရှိနိုင်တဲ့ Software/Plugin/Theme တွေကို လူအများက ရရှိအသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ Public License အမျိုးအစားဖြစ်ပါတယ်။

GPL လိုင်စင်အစီစဉ်ကို Rechard Stallman က ‌၁၉၈၅ခုနှစ်မှာ စတင်ခဲ့ပြီး မှုလရည်ရွယ်ချက်မှာ ငွေနဲ့သာ၀ယ်ယူလို့ရတဲ့ Software/Plugin/Theme တွေကို သာမန်လူတွေကလည်း ဖရီးနဲ့ အသုံးပြုလို့ရအောင် Premium Version Software/Plugin/Theme ကို Free Version အဖြစ် ပြန်လည်ဖန်တီးခြင်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာ GPL Project ဆက်လက်ရပ်တည်လည်ပတ်နိုင်ဖို့အတွက် Free Version အဖြစ် ပြန်လည်ဖန်တီးထားတဲ့ Software/Plugin/Theme တွေကို မှုလစေ◌ျးထက် ၅၀% ခန့်လျှော့ပြီး ရောင်ပေးတာမျိုးရှိသလို GPL Project အတွက် အလျှူငွေ၀င်ထည့်မှ ရယူပိုင်ခွင့်ရှိသည့် ပုံစံမျိုးနဲ့ ပြန်လုပ်လာကြပါတယ်။

ဥပမာ ဖော်ပြရရင် နာမည်ကျော် WordPress သင်း(မ်) Astra နဲ့ Ocean WP တို့ဆိုရင် GPL လိုင်စင် သင်း(မ်) ရရှိဖို့အတွက် အမေရိကန်ဒေါ်လာနဲ့ အလျှူငွေထည့်ပေးရပါတယ်။ မထည့်နိုင်ရင် GPL Version Astra နဲ့ Ocean WP သင်း(မ်)တွေကိုမရနိုင်ပါ။

GPL Version ဟာ Premium Version ရဲ့ ကောစ့်တစ်ချို့ကို အပြောင်းအလဲလုပ်တာဖြစ်သော်လည်း အင်္ဂါရပ်ပိုင်းမှာ Premium Version နဲ့ ဘာမှကွာခြားချက်မရှိပါ။ Premium Version မှာရှိတဲ့ Feature နဲ့ စွမ်းဆောင်ရည်တွေအားလုံး GPL Version မှာပါရှိပါတယ်။

အဲဒါကြောင့် Premium Version တွေကို စေ◌ျးကြီးကြီးပေးပြီး မသုံးစွဲနိုင်သူတွေနဲ့ အွန်လိုင်းမှာနိုင်ငံခြားပစ္စည်းတွေ ၀ယ်ယူရပိုင်ခွင့်မရှိတဲ့ မြန်မာပြည်တွင်း ၀ပ်ဆိုက်သမားတွေအတွက် GPL Version သင်း(မ်)နဲ့ ပလက်အင်တွေကို CJ BURMA က ၀န်ဆောင်မှုပေးတာဖြစ်ပါတယ်။

အခု CJ BURMA ကနေ ချပေးထားတဲ့ Plugin/Theme တွေဟာ General Public License သင်း(မ်)နဲ့ ပလက်အင်တွေဖြစ်ပြီး Virus Scanning သေချာလုပ်ထားပြီးသားမို့လို့ ယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါတယ်။